လိဂ်အဖွင့်ပွဲတွင် ဒူးဒဏ်ရာရရှိကာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်သည် နိုဝင်ဘာလအတွင်း ဒဏ်ရာဟောင်းနာကျင်မှုကြောင့် ပြန်လည်ကစားနိုင်မည့်အချိန် ထပ်မံကြန့်ကြာသွားခဲ့ပြီး ဇန်နဝါရီလလယ်မှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်သည်။ ဂျာမန်တိုက်စစ်မှူးအနေဖြင့် ဇန်နဝါရီလအတွင်း ပို့စ်မောက်နှင့်ယှဉ်ပြိုင်မည့် FA ဖလား တတိယအဆင့်ပွဲစဉ်တွင် လူစာရင်း၌ ပြန်လည်ပါဝင်လာဖွယ်ရှိနေပြီး၊ အာဆင်နယ်အသင်းတွင် ကစားသမားအတော်များများ ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် ဟာဗက်ဇ်၏ ပြန်လည်ရောက်ရှိလာမှုက အသင်းအတွက် အားဆေးတစ်ခွက် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Dec 20 • 1:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


