back

မန်စီးတီးတွင် ဂွါဒီယိုလာ၏နေရာကို ဆက်ခံမည်ဆိုသည့်သတင်းမှာ ထင်ကြေးပေးမှုသာဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ မာရက်စကာ တုံ့ပြန်

Dec 20 • 1:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီးတွင် ဂွါဒီယိုလာ၏နေရာကို ဆက်ခံမည်ဆိုသည့်သတင်းမှာ ထင်ကြေးပေးမှုသာဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ မာရက်စကာ တုံ့ပြန်

ဂွါဒီယိုလာ မန်စီးတီးမှ ထွက်ခွာပါက ၎င်း၏နေရာတွင် အစားထိုးရန် ပစ်မှတ်ထားခံနေရသည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ ချယ်လ်ဆီးနည်းပြ မာရက်စကာက ယင်းမှာ ၁၀၀ ရာခိုင်နှုန်း ...

ဂွါဒီယိုလာ မန်စီးတီးမှ ထွက်ခွာပါက ၎င်း၏နေရာတွင် အစားထိုးရန် ပစ်မှတ်ထားခံနေရသည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ ချယ်လ်ဆီးနည်းပြ မာရက်စကာက ယင်းမှာ ၁၀၀ ရာခိုင်နှုန်း ထင်ကြေးပေးမှုသာဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။ မန်စီးတီးတွင် ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ မာရက်စကာက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိထားပြီး လက်ရှိအသင်းတွင် ရှိနေရသည်ကို ဂုဏ်ယူကြောင်း၊ ထွက်ပေါ်နေသည့် ကောလာဟလများအတွက် အချိန်ပေးစဉ်းစားနေမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ဂွါဒီယိုလာသည် မန်စီးတီးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသော်လည်း လာမည့်နွေရာသီတွင် လမ်းခွဲနိုင်ခြေရှိသည်ဟူသော သတင်းများကြောင့် မာရက်စကာမှာ အစားထိုးရန် ရေပန်းအစားဆုံးသူတစ်ဦးအဖြစ် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

news-view-count-icon

20