back

ထိုင်းနိုင်ငံတွင် အရက်မူးနေသူများကို အရက်ရောင်းချပါက ဆိုင်ရှင်များပါ အရေးယူမည့် ဥပဒေသစ် ပြဋ္ဌာန်း

Dec 20 • 1:27 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် အရက်မူးနေသူများကို အရက်ရောင်းချပါက ဆိုင်ရှင်များပါ အရေးယူမည့် ဥပဒေသစ် ပြဋ္ဌာန်း

ထိုင်းနိုင်ငံတွင် အရက်မူးနေသူများကို အရက်ထပ်မံရောင်းချခြင်းမပြုရန် အမိန့်သစ်ထုတ်ပြန်လိုက်ပြီး အဆိုပါအမူးသမားက ပြဿနာရှာခြင်း၊ လူသေဆုံးခြင်း သို့မဟုတ် ပစ္စည်းဥစ္စ...

ထိုင်းနိုင်ငံတွင် အရက်မူးနေသူများကို အရက်ထပ်မံရောင်းချခြင်းမပြုရန် အမိန့်သစ်ထုတ်ပြန်လိုက်ပြီး အဆိုပါအမူးသမားက ပြဿနာရှာခြင်း၊ လူသေဆုံးခြင်း သို့မဟုတ် ပစ္စည်းဥစ္စာဖျက်ဆီးခြင်းများ ပြုလုပ်ပါက ရောင်းချသည့်ဆိုင်ရှင်က ကုန်ကျစရိတ်တစ်ဝက် ကျခံရမည့်အပြင် ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ဘတ် ၂ သောင်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဖြစ်ကြောင်း သိရသည်။ ဥပဒေသစ်အရ ဆိုင်ပိုင်ရှင်များအနေဖြင့် အသက်မပြည့်သေးသူများကို အရက်မရောင်းရန်နှင့် အငြင်းပွားမှုများရှိလာပါက သက်သေအဖြစ် အသုံးပြုနိုင်ရန် ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ထားကြရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

22