ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲကြီး ၃ ခုစလုံးတွင် ချန်ပီယံဆုများ ဆွတ်ခူးပြီး သမိုင်းဝင် "Treble" အောင်မြင်မှုကို ရရှိကာ ဒေသတွင်းဘောလုံးလောကကို စိုးမိုးထားနိုင်ခဲ့သည်။ ဗီယက်နမ်အသင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် ASEAN Championshipဆု၊ ASEAN U23 Championship ဆုနှင့် ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် SEA Games ၃၃ ရွှေတံဆိပ်ဆုတို့ကို အသီးသီး ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်မှာ အဆိုပါ ဖိုင်နယ်ပွဲစဉ် ၃ ခုစလုံးတွင် အိမ်ရှင်နိုင်ငံများကိုသာ အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး၊ ဤအောင်မြင်မှုကြောင့် ဗီယက်နမ်၏ ရွှေရောင်မျိုးဆက်သစ်များသည် အရှေ့တောင်အာရှ ဘောလုံးလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သက်သေပြနိုင်ခဲ့သည်။
ဗီယက်နမ်ဘောလုံးလောက၏ သမိုင်းဝင်နှစ် - ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှ ချန်ပီယံဆု ၃ ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့
Dec 20 • 1:01 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


