ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ပြေးဆွဲမည့် VIP ယာဉ်လိုင်းသစ်ကို ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ မဲဆောက်လေယာဉ်ကွင်းအနီးရှိ ဘော်ခေါ်စော်ကားဂိတ်မှ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း တာ့က်ခရိုင် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ VIP ယာဉ်လိုင်းအတွက် ခရီးစဉ်တစ်ကြောင်းလျှင် ဘတ် ၇၀၃ ကျသင့်မည်ဖြစ်ပြီး နံနက် ၈ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ည ၈ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် ည ၈ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း တစ်နေ့လျှင် ၃ ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ရိုးရိုးကားခမှာ ၄၅၂ ဘတ် ဖြစ်ကြောင်း သိရသည်

Dec 20 • 1:03 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


