back

မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်နှင့် ဆုံစည်းမြိုင်မြို့သစ်တို့အပါအဝင် နေရာအနှံ့အပြား၌ ကရင်နှစ်သစ်ကူးပွဲတော်များ ကျင်းပ

Dec 20 • 1:00 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်နှင့် ဆုံစည်းမြိုင်မြို့သစ်တို့အပါအဝင် နေရာအနှံ့အပြား၌ ကရင်နှစ်သစ်ကူးပွဲတော်များ ကျင်းပ

၂၇၆၅ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်များကို ဒီဇင်ဘာ ၁၉ ရက် (ပြာသိုလဆန်း ၁ ရက်) တွင် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြိုင်နှင့် ဆုံစည်းမြ...

၂၇၆၅ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်များကို ဒီဇင်ဘာ ၁၉ ရက် (ပြာသိုလဆန်း ၁ ရက်) တွင် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြိုင်နှင့် ဆုံစည်းမြိုင်မြို့သစ်တို့၌ စည်ကားစွာ ပြုလုပ်ခဲ့ကြသည်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်တည်ရှိရာ နေရာများ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း ကျင်းပခဲ့ကြပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ နေရာအသီးသီးတွင်လည်း ကရင်လူငယ်အစည်းအရုံးနှင့် ကရင်စာသင်ကျောင်းများပူးပေါင်းကာ နှစ်သစ်ကူးပွဲတော်များကို တစ်ပြိုင်တည်း ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

news-view-count-icon

16