back

စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်

Dec 20 • 12:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်

စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှ...

စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ယခုသန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ကဒီဇင်ဘာ၁၉ရက်ကပြောကြားသည်။ ရေနံချက်စက်ရုံသစ်ကြီးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးစေရေး၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် အပိုင်းလိုက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် တစ်ပြိုင်တည်း တည်ဆောက်ရမည့်လုပ်ငန်းကို သေချာစွာပြင်ဆင်၍ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့နည်းသက်သာစေရန်အတွက် Quick Win ဖြစ်စေမည့် Moduler Type စက်ရုံအား ပထမအဆင့်အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။



news-view-count-icon

20