ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားသို့ သွားသည့်လမ်းတွင် မျောက်ကိုတွေ့သည့်သူမှ မုန့်ကျွေးရာ မျောက်ကိုက်ခံရသူ(၁၀)ဦးကျော် ရှိနေပြီး ကာကွယ်ရေးထိုးရကြောင်း ဖြစ်စဥ်တွေ့ရှိသူက ပြောသည်။မျောက်ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်းမှ ခွေးရူးပြန်ရောဂါကူးတတ်သောကြောင့် ကိုက်ခံရလျှင် ကာကွယ်ရေးထိုးရန် လိုကြောင်း ၎င်းက ရှင်းပြသည်။ရွှေဘုန်းပွင့်ဘုရားသို့ လမ်းလျှောက်တက်မည့်သူများ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သည့်သူများ အန္တာရာယ်ရှိသောကြောင့် တာဝန်ရှိသူများမှ ဖမ်းဆီးထိန်းသိမ်းပေးရန် ဒေသခံက ပြောသည်။



