ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ဒေသခံများ၏ ပြောကြားချက်အရ မြို့နယ်အခွန်ဦးစီးမှူးဦးဆန်းမြင့်ဦးသည် နိုင်ငံတော်က သတ်မှတ်ထားသည့် အခွန်နှုန်းထားထက် အဆမတန် တောင်းဆိုနေပြီး၊ ချလန်တွင်ဖြတ်ပေးသည့် ပမာဏနှင့် အပြင်က တကယ်ပေးရသည့် ပမာဏ မတူညီကြောင်း သိရသည်။နိုင်ငံတဝှမ်း မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကြောင့် အိမ်ခြံမြေအရောင်းအဝယ်များလာသော်လည်း အခွန်ဌာနဘက်မှ ရာဖြတ်နှုန်းများကိုပမမှန်ကန်စွာ တွက်ချက်ခြင်း၊ ပါးစပ်ထွက်သမျှကို အတည်အဖြစ် သတ်မှတ်ခြင်းများကြောင့် ပြည်သူများ ပိုမိုအခက်ခဲကြုံနေရကြောင်း သိရပါသည်။ပြည်နယ်အဆင့်ကို တိုင်ကြားထားသော်လည်း အရေးယူပေးနိုင်ခြင်းမရှိကြောင်းသိရသည်။



