ကျောင်းသားတွေရဲ့ ဒီဇင်ဘာ ပိတ်ရည်ရှည် စတင်တဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် ၊ မနက်အစောပိုင်းက စပြီး ခရီးထွက် သူများပြားတဲ့အတွက် ဇီးရိုးမိုင် မှာ ကားတွေ အချိန် ကြာမြင့် စွာစောင့်ဆိုင်း နေရတာဖြစ်ကြောင်း ၊ ဇီးရိုးမိုင် ဂိတ်ကို ဖြတ်သန်းရဖို့အတွက် အချိန် ၃ နာရီလောက်အထိ စောင့်ဆိုင်း ခဲ့ရတယ်လို့ ခရီးထွက်သူ တယောက်က ပြောပါတယ်။ ရန်ကုန် အပြင် အခြား မြို့နယ်တွေ ကလည်း အားလပ်ရက်မှာ မိသားစုလိုက် ဖြစ်စေ ၊ သူငယ်ချင်း အဖွဲ့လိုက် ဖြစ်စေ ခရီးထွက်မှု အခြေအနေက အရင်နှစ်တွေ ကထက် ပိုပြီး များလာတယ် လို့ သိရပါတယ် ။ ဒီဇင်ဘာ ပိတ်ရက်မှာ ခရီးသွားသူ အများစုဟာ ပုဂံ ၊ ချောင်းသာ ၊ ငွေဆောင် ၊ ကျိုက်ထီးရိုး ဘုရားအပါအဝင် မွန်ပြည်နယ်တွင်း ခရီးစဥ် ၊ ကလော ဒေသ ခရီးစဥ်တို့ကို သွားရောက် မှုပိုပြီး များတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ပိတ်ရက်မှာ ခရီးသွားမှုနူန်း များတဲ့ ပုဂံ ၊ ချောင်းသာ ၊ငွေဆောင် ၊ ကျိုက်ထီးရိုးဘုရား ၊ ကလော စတဲ့ဒေသတွေမှာ ဟိုတယ် နဲ့ တည်းခိုခန်း အားလုံးနီးပါးမှာ အခန်းတွေ ငှားရမ်းမှု ရှိ နေ တယ်လို့ သိရပါတယ် ။



