မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်းသား နှစ်ထောင်ကျော်ကို အသစ်ဆောက်လုပ်ထားသည့် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာ အကျဉ်းထောင်အသစ်သို့ ပြောင်းရွေ့နေကြောင်း မော်လမြိုင်ဒေသခံများထံမှတစ်ဆင့်သိရသည်။အကျဉ်းသားများကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ လုံခြုံရေးအပြည့်ဖြင့် နေ့စဥ်ပြောင်းရွေ့နေပြီး လက်ရှိ မော်လမြိုင်အကျဉ်းထောင်အတွင်း အကျဉ်းသားအရေအတွက် အနည်းငယ်သာကျန်ရှိတော့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။



