back

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ

Dec 19 • 12:04 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Glo...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Global Partnership against Online Scams) ညီလာခံ အပြီးမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ နိုင်ငံပေါင်း ၆၀ ဝန်းကျင်က သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်"၂၀၂၅ ဘန်ကောက် ပူးတွဲကြေညာချက်" အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။တစ်နေ့တခြား ပိုမိုပျံ့နှံ့လာတဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တုံ့ပြန်နိုင်ဖို့၊ ပြည်တွင်းဥပဒေတွေကို ပိုပြီး တင်းကျပ်ဖို့နဲ့ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သွားဖို့လည်း ဒီအစည်းအဝေးမှာ ကတိပြုခဲ့ကြပါတယ်။


news-view-count-icon

12