back

အုတ်တွင်းမြို့မှာ Accident ဖြစ်တဲ့အသွင်နဲ့ အမည်မသိရုပ်အလေ-ာင်းတစ်ခုတွေ့ရှိကာ မိသားစု၀င်တွေကို လိုက်လံရှာဖွေနေ

Dec 19 • 12:02 PM

breaking-news

မြန်မာ

ပဲခူး

cover

အုတ်တွင်းမြို့မှာ Accident ဖြစ်တဲ့အသွင်နဲ့ အမည်မသိရုပ်အလေ-ာင်းတစ်ခုတွေ့ရှိကာ မိသားစု၀င်တွေကို လိုက်လံရှာဖွေနေ

ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့ မနက် ၆ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း မှော်ယောတံတားအနီးမှာ ဆိုင်ကယ်တစ်စီ လဲနေတာတွေ့ပြီး အနီးအနားမှာ လူတစ်ဦးလဲကျသေဆုံးနေတာကို စက်ဘီး...

ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့ မနက် ၆ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း မှော်ယောတံတားအနီးမှာ ဆိုင်ကယ်တစ်စီ လဲနေတာတွေ့ပြီး အနီးအနားမှာ လူတစ်ဦးလဲကျသေဆုံးနေတာကို စက်ဘီးစီးသမားတွေက တွေ့ခဲ့တာလို့သိရပါတယ်။သေဆုံးသူမှာ ဘယ်သူဆိုတာကိုမသိရပေမယ့် ရုပ်အလေ-ာင်းပေါ်မှာ ငွေသား ၁ သိန်းနဲ့အတူ တောင်ငူ Present Phone ဖုန်းဆိုင်ကဝယ်လာတဲ့ Redmi Note 14 ဘောင်ချာစာရွက်ပေါ်မှာတော့ ကိုဝင်းဗိုလ်ဗိုလ်လို့ ရေးထားတာကိုတွေ့တယ်လို့ သိရပါတယ်။လတ်တလောမှာ သေဆုံးသူမိသားစု၀င်တွေကို လိုက်လံစုံစမ်းနေကြပြီး ဆိုင်ကယ် Canda တံဆိပ်၊ အပေါ်ဂျင်းအပြာနုအနွေးထည်၊ အောက်ခံခဲရောင်စပို့ရှပ်၊ ပုဆိုးအနီကွက် လူပျောက်ဆုံးနေပါက အုတ်တွင်မြို့ဆေးရုံက ရင်ခွဲရုံကို လာရောက်စုံစမ်းဖို့လည်း ပရဟိတအဖွဲ့တွေက အသိပေး ပြောဆိုထားပါတယ်။



news-view-count-icon

21