ဧည့်စာရင်းမတိုင် နေထိုင်မှုမှတ်ပုံမရှိ မြန်မာအလုပ်သမား ၁၃၉ ဦးကို ခိုလှုံခွင့်ပေးတဲ့အိမ်ရှင်အပေါ် ထိုင်းအရာရှိ တွေ က ဘတ် ၂ သိန်းကျော် ဒဏ်ငွေချမှတ်လိုက်တယ်လို့ထိုင်သတင်းဖော်ပြချက်တွေအရသိရပါတယ်။ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ တွေ ဟာ ဥပဒေအရ သတ်မှတ်ချိန်အတွင်း အကြောင်းကြားတာမရှိဘဲ နိုင်ငံခြားသား တွေကို နေထိုင်ခွင့်ပြုခဲ့တဲ့ အိမ်ရှင်နဲ့ ထိန်းသိမ်းစောင့်ရှောက်သူ တွေ ကိုဒဏ်ငွေချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုစစ်ေဆးရေးဟာ ရာဇဝတ်ဂိုဏ်း တွေ ပုန်းအောင်းနိုင်တဲ့ ဥပဒေဆိုင်ရာ လွတ်လမ်းေတွကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ပြည်သူလူထုကို မည်သည့်နိုင်ငံခြားသားမဆို ဥပဒေချိုးဖောက်တယ်လို့ ယုံကြည်ရတယ်ဆိုရင် ဒါမှမဟုတ် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ ထင်မြင်တယ်ဆိုရင် နခွန်ပထုံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ကိုချက်ချင်း အကြောင်းကြားဖို့ တိုက်တွန်းလိုပါတယ်လို့ "ရဲမှူးကြီးဂျီရာပေါင်ကပြောပါတယ်။လက်ရှိနှစ်သစ်ကူးပွဲတော်ကာလအတွင်း လုံခြုံရေးနဲ့ လူဝင်မှုဥပဒေ တွေ ကို ပိုမိုတင်းကြပ်စွာ အကောင်အထည် ဖော်နေတဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) ရဲ့ မူဝါဒနဲ့အညီ ဤစစ်ဆေးမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စစ်ဆေးမှုကို လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး ပနုမာမတ်စ် ဘွန်ညာလက် အပါအဝင် အဆင့်မြင့်အရာရှိတွေရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးမှု အဖြစ် ဆာရာပါသနမြို့နယ်ရှိ အခန်းတစ်ခန်းမှာ မြန်မာနိုင်ငံသားအုပ်စုတစ်စု နေထိုင်ကြောင်း စောင့်ကြည့်တွေ့ရှိခဲ့ပြီး၊ သက်ဆိုင်ရာ ဇီဝမက်ထရစ်စနစ် ကတစ်ဆင့် စစ်ဆေးရာမှာအိမ်ရှင် ၊ စောင့်ရှောက်သူက ထိုနေရာမှာ နေထိုင်တဲ့ နိုင်ငံခြားသား ၁၃၉ ဦး ရဲ့နေထိုင်မှုကို ဥပဒေအရ သတ်မှတ်ထားတဲ့ ၂၄ နာရီအတွင်း အာဏာပိုင် တွေဆီ အကြောင်းကြားတာမရှိကြောင်း ထင်ရှားစွာ တွေ့ရှိခဲ့တယ်လို့ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။။အခုလို လုပ်ရပ်ဟာ ၂၅၂၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (၁၉၇၉) ရဲ့ ပုဒ်မ ၃၈ ကို ချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။အထက်ပါဥပဒေချိုးဖောက်မှုအတွက် စစ်ဆေးရေးအဖွဲ့ဟာ အလုပ်သမား ၁၃၉ ဦးကို တစ်ဦးချင်း ဒဏ်ငွေစီရင်ချက် ချမှတ်ခဲ့ပြီး၊ ဒဏ်ငွေစုစုပေါင်းမှာ ဘတ်ငွေ ၂၂၂,၄၀၀ ဖြစ်ကာ အဲဒိငွေ တွေဟာ အစိုးရဘဏ္ဍာတွင်းကို ဝင်ရောက်သွားမှာဖြစ်ပါတယ်။



