တစ်လကျော်ကြာ ပျောက်ဆုံးခဲ့သည့် ကျောက်ဆည်မြို့မှ မိသားစုနှစ်စုကို ကျန်းမာလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ယင်းမိသားစုနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။အဆိုပါမိသားစုနှစ်စုမှာ နိုဝင်ဘာ ၂ ရက်မှ စတင်ပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
၂.၁၁.၂၀၂၅ ရက်နေ့ပျောက်ဆုံးသွားသော မိသားစု ခြောက်ယောက် ယနေ့အချိန်မှာ အိမ်သို့ ကျန်းကျန်းမာမာ ပြန်လည်ရောက်ရှိလာပါတယ်။ စိတ်ပူပြီး သတင်းတွေ Share ပေး ဂရုတစိုက် စိတ်ပူပြီး အားပေးခဲ့ကြတဲ့ တစ်ဦး တစ်ယောက်ခြင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်”ဟု အဆိုပါမိသားစုများနှင့်နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်အချို့ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။ပျောက်ဆုံးခဲ့သူများမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နှင့် ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နှင့် သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ဖြစ်ကြောင်း သိရသည်။၎င်းတို့မှာ ပြီးခဲ့သည့်တန်ဆောင်တိုင် ကာလပိတ်ရက်များက ဘုရားဖူးခရီးထွက်ကြခြင်းဖြစ်ပြီး မောင်းနှင်ခဲ့သည့် မတ်ခ်တူးအမျိုး အစားမော်တော်ယာဉ်နှင့်အတူ ကျန်ရှိသူများနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။



