ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို မူလသတ်မှတ်ရက်ထက်ရက်တိုးဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က သိရပါတယ်။ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အလုပ် အကိုင်အခွင့်အလမ်း တွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့အတွက် လုပ်ငန်းဆောင်ရွက်မှုကာလကိုတိုးမြှင့်လိုက်တာဖြစ်တယ်လို့ " အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဆိုပါတယ်။လက်ရှိမှာ CI သက်တမ်းတိုးပြုလုပ်ဖို့ 7-Eleven ဆိုင် တွေမှာ ငွေပေးသွင်းပြီးသူ တွေ ကျန်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအဆင်ပြေစေဖို့ ရတိုးမြင့်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ လုပ်ငန်းဆောင်ရွက်မှုကာလကို မူလက ဒီဇင်ဘာ ၂၁ ရက် ပြီးစီးမယ်လို့သတ်မှတ်ခဲ့ရာကနေ အခုအခါ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အလုပ်သမား တွေ အနေနဲ့ သတ်မှတ်ကာလအမီ Cl သက်တမ်းတိုး အမြန်ဆုံးသွားရောက်လျှောက်ထားနိုင်ဖို့ အသိပေးပါတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံ မှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့ တွေ နဲ့ Mobile Unit ၁ ခုကို ကရာဘီမြို့မှာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။အခုလို CI သက်တမ်းတိုး ထုတ်ပေး တဲ့လုပ်ငန်းစဉ် တွေ ကို ဒီဇင်ဘာ ၂၁ ရက် မှာ ပြီးစီးမည်ဖြစ်လို့ CI သက်တမ်းတိုး ဆောင်ရွက်ဖို့ကျန်ရှိတဲ့သူ တွေ ကို မတိုင်မီ အချိန်မီ CI သက်တမ်း တိုးဆောင်ရွက်ဖို့ အသိပေးကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၁ ရက် မှာ ထုတ်ပြန်ခဲ့ရာကနေ ၊ ဒီဇင်ဘာ ၁၉ ရက်မှာ ရက်တိုးမြှင့်တာကို ထပ်မံအသိပေးကြေညာခဲ့တာဖြစ်ပါတယ်။



