back

ဘင်္ဂလားဒေ့ရှ်ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် အော့စမန်ဟာဒီ ပစ်ခတ်ခံရသည့်ဒဏ်ရာဖြင့်သေဆုံး၍ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာနေ

Dec 19 • 7:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် အော့စမန်ဟာဒီ ပစ်ခတ်ခံရသည့်ဒဏ်ရာဖြင့်သေဆုံး၍ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ၂၀၂၄ အရေးအခင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ၂၀၂၄ အရေးအခင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် အော့စမန် ဟာဒီ သည် ပြီးခဲ့သည့်သီတင်းပတ်က တိုက်ခိုက်ခံရမှုတွင် ရရှိခဲ့သော ‌ေ-သနတ်ဒဏ်ရာများဖြင့် စင်ကာပူ ဆေးရုံတစ်ရုံတွင် ဒီဇင်ဘာ၁၈ရက်ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့သည်။ သူ၏ သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုအသစ်များကို ဖြစ်ပေါ်လာနေပြီး ကြားဖြတ်အစိုးရ အာဏာရယူပြီးနောက် ပထမဆုံးကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တ ပတ် အလိုတွင် တင်းမာမှုများကို မြင့်တက်လာနေသည်။နိုင်ငံရေးပလက်ဖောင်းတစ်ခုဖြစ်သည့် အင်ကီလပ် မန်ချာ (Inqilab Mancha) ၏ ပြောရေးဆိုခွင့်ရှိသူ ဟာဒီသည် ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့ ပယ်လ်တန် (Paltan) ဧရိယာတွင် အငှားသုံးဘီးယာဉ်ဖြင့် လိုက်ပါစီးနင်းလာစဉ် ဆိုင်ကယ်စီးနင်းလာသည့် မျက်နှာဖုံးစွပ် လူသတ်သမား တစ်ဦးက ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သူ့ကို ကနဦးတွင် ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံ၌ ကုသမှုခံယူစေခဲ့ပြီးနောက် အဆင့်မြင့် အာရုံကြောခွဲစိတ်ကုသမှု ခံယူရန်အတွက် ဒီဇင်ဘာ ၁၅ ရက်တွင် စင်ကာပူနိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။ သူသည် အသက်ရှူ အထောက်အကူပြုကိရိယာဖြင့် ခြောက်ရက်ကြာ ကုသမှုခံယူပြီး နောက် ဒီဇင်ဘာ ၁၈ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ဟာဒီသေဆုံးသည့် သတင်းကြောင့် ဒါကာနှင့် အခြားမြို့ကြီးများတွင် ချက်ချင်းဆိုသလို မငြိမ်မသက် မှုများ ဖြစ်ပေါ်ခဲ့သည်။ ဒေါသထွက်နေကြသော ထောက်ခံသူများသည် ကြာသပတေးနေ့ ညပိုင်းနှင့် သောကြာနေ့ နံနက်ပိုင်းတို့တွင် လမ်းမများပေါ်သို့ ထွက်လာကြပြီး အာဏာပိုင်များက လုံလောက်သော လုံခြုံရေးပေးရန် ပျက်ကွက်သည်ဟု စွပ်စွဲကာ ကျူးလွန်သူများကို ချက်ချင်းဖမ်းဆီးပေးရန် တောင်းဆိုခဲ့ကြသည်။


news-view-count-icon

25