back

ကမ္ဘောဒီးယား ကာစီနိုရုံများမှာ F-16 ဂျက်ဖိုက်တာများ ဗုံးကြဲမှုဒဏ် ခံနိုင်သည်အထိ အလွန်ခိုင်ခံ့ကြောင်း ထိုင်းစစ်တပ်ပြော

Dec 19 • 8:05 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား ကာစီနိုရုံများမှာ F-16 ဂျက်ဖိုက်တာများ ဗုံးကြဲမှုဒဏ် ခံနိုင်သည်အထိ အလွန်ခိုင်ခံ့ကြောင်း ထိုင်းစစ်တပ်ပြော

မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း ပစ်မှတ်ထားခဲ့သည့် ကမ္ဘောဒီးယား ကာစီနို အဆောက် အအုံများမှာ အလွန်ခိုင်ခံ့အောင် တည်ဆောက်ထားပြီး F-16 တိုက်လေယာဉ်များက ...

မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း ပစ်မှတ်ထားခဲ့သည့် ကမ္ဘောဒီးယား ကာစီနို အဆောက် အအုံများမှာ အလွန်ခိုင်ခံ့အောင် တည်ဆောက်ထားပြီး F-16 တိုက်လေယာဉ်များက လေကြောင်းမှ ဗုံးကြဲရုံမျှဖြင့် ပြိုကျနိုင်ခြင်း မရှိကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။ယင်းအဆောက်အအုံများကို အထူး အဆင့်မြှင့်တင်ပြီး ခိုင်ခံ့အောင် တည်ဆောက်ထားကြောင်း ထိုင်းစစ်တပ်က ဆိုသည်။ယင်းကာစီနိုများရုံကို တိုက်ပွဲများအား ကွပ်ကဲရန်၊ ဒရုန်းများ လွှတ်တင်ရန်၊ ဒရုန်းရန် ကာကွယ်ရေးစနစ်များ အသုံးပြုရန်နှင့် ထိုင်းနိုင်ငံအတွင်းရှိ အရပ်သားနယ်မြေများ အပါအဝင် အခြားနေရာများသို့ အမြောက်များနှင့် BM-21 ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ရှေ့တန်းစစ်ဌာနချုပ်များ အဖြစ် ပြောင်းလဲ အသုံးပြုထားကြောင်း ထိုင်းတာဝန်ရှိသူများက ဆိုသည်။ထိုအဆောက်အအုံများသည် တည်ဆောက်ပုံ အထူးခိုင်ခံ့ပြီး အမည်မဲစာရင်းဝင် ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်နွှယ်နေကာ အဆောက်အအုံ၏ ဘေးနံရံများကို ဦးစွာဖောက်ထွင်းရန် ထိုင်းတပ်ဖွဲ့များက အမြောက်များကို အသုံးပြုခဲ့ပြီးနောက်မှ F-16 တိုက်လေယာဉ်များဖြင့် အမိုးများကို ဗုံးကြဲကာ အတွင်း၌ ပေါက်ကွဲစေမည့် ဗုံးများကို ချခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။ယင်းအဆောက်အအုံများအား ပြင်ပမှ ကြည့်လျှင် မပြိုမပျက်ဘဲ ကျန်ရှိနေသော်လည်း အတွင်းပိုင်းတွင်မူ ပျက်စီးသွားပြီ ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။




news-view-count-icon

15