ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ကျရောက်သော ကရင်နှစ်၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့သည်။အဆိုပါနှစ်သစ်ကူးပွဲတော်ကို (ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ဂုဏ်ထူးဆောင်နာယက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်တို့က ဖားစည် ၉ ချက်တီးကာ ကရင်လူငယ် ၉ ဦးက ကျွဲချိုမှုတ်၍ ဖွင့်လှစ်ခဲ့သည်။



