အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားရှိ စတိတ်ဗီးလ်လေဆိပ်မှာ ဒီဇင်ဘာ၁၈ရက်က လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံးခဲ့တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ Nascar ယာဉ်မောင်းဟောင်းတစ်ဦးနဲ့ သူ့မိသားစုဝင်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ကားပြိုင်ပွဲအဖွဲအစည်းက ပြောကြားခဲ့ပါတယ်။Cessna C550 လေယာဉ်ဟာ Statesville ဒေသတွင်းလေဆိပ်မှာ ဒေသစံတော်ချိန် မနက်၁၀နာရီမိနစ်၂၀ ဝန်းကျင်က ဆင်းသက်စဉ် ပျက်ကျခဲ့ကြောင်း အရာရှိတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။Cessna C550 လေယာဉ်ကို Biffle နဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တယ်လို့ အမေရိကန်မိတ်ဖက် CBS က ဖော်ပြခဲ့ပါတယ်။လေယာဉ်အမှုထမ်းတွေက လေယာဉ်ပြေးလမ်းပေါ်က အပျက်အစီးတွေကို ရှင်းလင်းနေချိန်မှာ လေဆိပ်ကို ပိတ်ထားမှာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထောက်တွေကို ပြောပါတယ်။



