ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခဘေးသင့် အသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြေ ရှင်းဖို့ လူသားချင်းစာနာမှု အကူအညီ ယူရို ၁၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အခြား အိမ်နီးချင်းတိုင်းပြည်တွေရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဖွံ့ဖြိုးရေးအကူအညီ ယူရို ၁၄ သန်း ထောက်ပံ့လိုက်ပါတယ်။မြန်မာနိုင်ငံမှာ ပဋိပက္ခ အရှိန်မြှင့်လာမှုကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာရကာ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်းတိုင်းပြည်များသို့ ထွက်ပြေးရမှုတွေဖြစ်နေချိန်မှာ ဉရောပသမဂ္ဂက အခုလို ငွေကြေးထောက်ပံ့ တာလည်းဖြစ်ပါတယ်။
လူသားချင်းစာနာမှု အကူအညီ ယူရို ၁၂ သန်းကို မြန်မာနိုင်ငံရှိ ပဋိပက္ခဘေးသင့် အသိုင်းအဝိုင်း များသို့ ထောက်ပံ့မှာဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီပေးဖို့ ဉီးစားပေးမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရှိယင်းစွဲ ဥရောပသမဂ္ဂ အကူအညီကို ယူရို ၂ သန်း ထပ်ဖြည့်မှာဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အာဟာရအစီအစဉ်ကို အလေးထားမယ်လို့ သိရပါတယ်။မြန်မာပဋိပက္ခအတွက် လူသားချင်းစာနာမှု အကူအညီ ယူရို သန်း ၅၀ နီးပါး ထောက်ပံ့ပြီးချိန်မှာ ယခုအစီအစဉ် ကြေညာလိုက်တာလည်းဖြစ်ကာဥရောပသမဂ္ဂဟာ ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ယူရို ၃၂ သန်း ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ထပ်တိုး ဖွံ့ဖြိုးရေးအကူအညီ ယူရို ၁၄ သန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သက်မွေးကျွမ်းကျင်မှုသင်တန်းတွေ အဓိက ဖွင့်လှစ်မယ်လို့ သိရပါတယ်။



