မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းရာသီတွင် စပါးစိုက်တောင်သူများရိတ်သိမ်းချိန်လွန် ပျ-က်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် စပါးစိုက်တောင်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
စပါးတစ်ဧကကို ကျပ် (၇၅၀,၀၀) ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး စပါးစိုက်ခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးစိုက်ခင်းများအား ရိတ်သိမ်းခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စပါးစိုက်တောင်သူများအား စပါးရိတ်သိမ်းခြွေလှေ့ ခြင်းဝန်ဆောင်မှုများအပြင် ရိတ်သိမ်းပြီးစပါးစိုက်ခင်းများအား အခြားသီးနှံမျိုးစုံ အချိန်မီစိုက်ပျိုးနိုင်ရေး ထွန်စက်၊ ထယ်စက်များဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၆,၂၅၀ ဖြင့် မြေပြုပြင်ခြင်းများ ဝန်ဆောင်မှုပေးကြောင်း သိရသည်။



