ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ပိုက်ကျော်ခြင်းမှ ငွေတံဆိပ် ၁ ခုနှင့် အခြားအားကစားနည်းများမှ ကြေးတံဆိပ် ၁၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက် ပြိုင်ပွဲများအပြီးအထိ မြန်မာအသင်းသည် ရွှေ ၃ ခု၊ ငွေ ၂၀ နှင့် ကြေး ၃၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၁ ခု ရရှိထားကာ နိုင်ငံအလိုက် အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး၊ ပိုက်ကျော်ခြင်း၊ မွေထိုင်း၊ နပန်း၊ ရိုးရာလှေနှင့် ရွက်လှေ အားကစားနည်းများမှ ဆုတံဆိပ်များ ထပ်မံတိုးတက်လာခြင်းဖြစ်သည်။ ပြိုင်ပွဲကွင်းများအသီးသီးသို့ ဒုတိယဝန်ကြီးများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာအားကစားသမားများအနေဖြင့် ကျန်ရှိသည့် အားကစားနည်းများတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရန် ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာ၌ ဆက်လက်ရပ်တည်
Dec 19 • 5:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


