back

ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

Dec 19 • 5:20 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အစိုးရတာဝန်ရှိသူများက ဖား...

ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အစိုးရတာဝန်ရှိသူများက ဖားစည်တီး၍ ကျွဲချိုမှုတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါပွဲတော်တွင် ကရင်ရိုးရာဒုံးအက၊ ဝါးထောက်အက၊ စူးထိုးအကစသည့် ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဝတ်စုံ ဖက်ရှင်ရှိုးပြသခြင်းတို့အပြင် လက်မောင်းလှဲ၊ ချောတိုင်တက်နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ ရိုးရာပြခန်းနှင့် ဈေးဆိုင်ခန်းများကိုပါ ထည့်သွင်းကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်မြို့နေ ကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူအများအပြား လာရောက်လည်ပတ်ခဲ့ကြပြီး တာဝန်ရှိသူများက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

17