back

အမေရိကန် အထက်လွှတ်တော်က ဒေါ်လာဘီလီယံ ၉၀၀ ခန့်ရှိ စံချိန်တင် ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြု

Dec 19 • 4:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် အထက်လွှတ်တော်က ဒေါ်လာဘီလီယံ ၉၀၀ ခန့်ရှိ စံချိန်တင် ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြု

အမေရိကန် အထက်လွှတ်တော်သည် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကျုံးဝင်မည့် ဒေါ်လာဘီလီယံ ၉၀၀ ခန့်ရှိ အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ထောက်ခံမဲ...

အမေရိကန် အထက်လွှတ်တော်သည် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကျုံးဝင်မည့် ဒေါ်လာဘီလီယံ ၉၀၀ ခန့်ရှိ အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ထောက်ခံမဲ ၇၇ မဲဖြင့် မဲခွဲအတည်ပြုလိုက်သည်။ အဆိုပါဥပဒေကြမ်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏စစ်ရေးအင်အားကြီးထွားလာမှုကို တုံ့ပြန်ရန် ရည်ရွယ်ပြီး ဂျပန်၊ ဖိလစ်ပိုင်တို့ကဲ့သို့ မဟာမိတ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ တိုင်ပေရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများတိုးချဲ့ရန်နှင့် ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ဒေါ်လာတစ်ဘီလီယံ၊ ယူကရိန်းအကူအညီအတွက် ဒေါ်လာ သန်း ၄၀၀ စသည်ဖြင့် သတ်မှတ်ထားသည်။ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် အတည်ပြုပြီးဖြစ်သဖြင့် ယခုဥပဒေကြမ်းမှာ သမ္မတဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးပြီးပါက တရားဝင်ဥပဒေအဖြစ် စတင်သက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17