back

သီယာဂိုဆေးလ်ဗားကို (၆)လစာချုပ်နဲ့ ခေါ်ယူဖို့ အေစီမီလန်အသင်း စီစဉ်နေ

Dec 19 • 4:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

သီယာဂိုဆေးလ်ဗားကို (၆)လစာချုပ်နဲ့ ခေါ်ယူဖို့ အေစီမီလန်အသင်း စီစဉ်နေ

အေစီမီလန်အသင်းဟာ ဖလူမင်နိစ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို (၆)လစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။အသက်(၄၁)နှစ်ရှ...

အေစီမီလန်အသင်းဟာ ဖလူမင်နိစ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို (၆)လစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိတော့ပေမဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွေးချယ်ခံရဖို့ မျှော်လင့်နေပြီး အဲဒီအတွက် ဥရောပမှာ ပြန်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ဒါကြောင့် သီယာဂိုဆေးလ်ဗားဟာ ဘရာဇီးလ်လိဂ်ပြိုင်ပွဲ အဆုံးသတ်သွားချိန်မှာ ဖလူမင်နိစ်အသင်းနဲ့ လမ်းခွဲလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။သီယာဂိုဆေးလ်ဗားဟာ ဖလူမင်နိစ်အသင်းမှာ ခြေစွမ်းပြနိုင်ဆဲဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပကလပ်အသင်းတွေ အတော်များများရှိနေကြောင်းနဲ့ အသင်းဟောင်း ချယ်လ်ဆီး ပါဝင်ကြောင်းလည်း သတင်းထွက်နေပါတယ်။ထိပ်တန်းကစားသမားတွေကို ကာလတိုစာချုပ်နဲ့ ခေါ်ယူလေ့ရှိတဲ့ အေစီမီလန်အသင်းကတော့ သီယာဂိုဆေးလ်ဗား ကစားခဲ့ဖူးတဲ့ အသင်းဟောင်းလည်းဖြစ်တာကြောင့် အလားအလာပိုကောင်းနေကြောင်း သိရပါတယ်။သီယာဂိုဆေးလ်ဗားကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်က ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။



news-view-count-icon

22