ဗီယက်နမ်နိုင်ငံ၊ လိုင်ချောင်ခရိုင်၊ ဖုန်းသိုကျေးရွာရှိ ဒါအိုတိုင်းရင်းသားများသည် ၎င်းတို့၏ ရိုးရာဝတ်စုံများကို ရှေးမူမပျက် လက်မှုပညာစစ်စစ်ဖြင့် ဖန်တီးလျက်ရှိသည်။ ကုန်ကြမ်းပစ္စည်းများ ပြင်ဆင်ခြင်းမှစ၍ တောက်ပသော အရောင်အသွေးများဖြင့် လက်ရာမြောက်လှသည့် ပန်းဖော်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို စက်ပစ္စည်းအကူအညီမပါဘဲ လက်ဖြင့်သာ စိတ်ရှည်လက်ရှည် ပြုလုပ်ကြခြင်းဖြစ်သည်။ ဤရိုးရာဝတ်စုံ ဖန်တီးမှုသည် ဒါအိုတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ၎င်းတို့၏ ရိုးရာလက်မှုပညာအပေါ် ထားရှိသည့် အနုပညာစိတ်ဓာတ်နှင့် တန်ဖိုးထားမှုကိုလည်း ပေါ်လွင်စေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ လိုင်ချောင်ခရိုင်ရှိ ဒါအိုတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို လက်မှုပညာဖြင့် အသေးစိတ်ဖန်တီးလျက်ရှိ
Dec 19 • 4:39 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


