မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊၊ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် စတုဒိသာကျွေးမွေးခြင်းအပြင် ရွှေစည်အောင်အနုပညာ အင်အားစု ဇာတ်ပွဲ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ၊ စျေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ အပျော်စီးပင်လယ်ဓားမြလှေ၊ ကစားကွင်းများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့်အညာဒေသရိုးရာမုန့်ဆိုင်တန်းများဖြင့်ခင်းကျင်းရောင်းချပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Dec 19 • 4:12 AM
မြန်မာ
မကွေး
မျှဝေမည်
| 13 | 0 | 0 | 0 |


