ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ဆောင်ဒူကျေးရွာမှာ ဒီဇင်ဘာလ ၁၇ရက်နေ့က ဂိုဏ်းပေါင်းစုံခရစ်ယာန်လူငယ်တွေစုပေါင်းပြီး ငြိမ်းချမ်းရေးအတွက် ခရစ္စမတ်စုပေါင်းဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆုတောင်းပွဲမှာ ကက်သလစ်ဘုန်းတော်ကြီးတွေ၊သိက္ခတော်ရနှစ်ခြင်းဆရာတော်တွေ၊ ဓမ္မဆရာတွေ၊ လိုဘာခိုလူငယ်တွေနဲ့ ဝါဘန်းဗလို့လူငယ်၊YLFC students စတဲ့လူငယ်တွေ ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။အဲဒီဆုတောင်းပွဲကို လွိုင်ကော်ကက်သလစ်သာသနာလူငယ်တွေကနေဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဆုတောင်းပွဲအပြီးမှာတော့ ခရစ္စမတ်ကယ်ရိုသီချင်းတွေနဲ့အပြန်အလှန်ဖျော်ဖြေနုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
Dec 19 • 4:11 AM
မြန်မာ
ကယား
မျှဝေမည်
| 12 | 0 | 0 | 0 |


