back

အာဆီယံ ယူ ၁၉ နှင့် ယူ၁၆ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ပဏာမ ကစားသမားစာရင်းများ နှင့် ပွဲစဉ်များ

Dec 19 • 4:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အာဆီယံ ယူ ၁၉ နှင့် ယူ၁၆ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ပဏာမ ကစားသမားစာရင်းများ နှင့် ပွဲစဉ်များ

မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသား ယူ ၁၆ နှင့် ယူ ၁၉ လက်ရွေးစင် အသင်းများ၏ ပဏာမ ကစားသမား ၁၆ ဦး စာရင်းကို နည်းပြအဖွဲ့က ပူးတွဲပါ စာရင်းများအတိုင်း ထုတ်ပြန်ကြေညာခဲ့...

မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသား ယူ ၁၆ နှင့် ယူ ၁၉ လက်ရွေးစင် အသင်းများ၏ ပဏာမ ကစားသမား ၁၆ ဦး စာရင်းကို နည်းပြအဖွဲ့က ပူးတွဲပါ စာရင်းများအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ ယူ၁၉ ဖူဆယ် အသင်းအား နည်းပြချုပ် ဦးကျော်စိုးမိုး၊ မြန်မာ ယူ၁၆ ဖူဆယ် အသင်းအား နည်းပြချုပ် ဦးကျော်ဇင်ညွန့်တို့က တာဝန်ယူထားပြီး လူငယ် ဖူဆယ် ယူ၁၉ ဖူဆယ်လိဂ်မှ ကစားသမားများအား ရွေးချယ် ထားခြင်းဖြစ်သည်။မြန်မာ ယူ ၁၉ အသင်းသည် ၂၀၂၅ အာဆီယံ ယူ ၁၉ ဖူဆယ် ချန်ပီယံရှစ်အုပ်စု(ခ)တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ဒီဇင်ဘာ ၂၃ မှ ၂၅ အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Nonthaburi Hall တွင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ ယူ၁၆ ဖူဆယ်အသင်း အနေဖြင့်လည်း အထက်ပါ ကွင်းမှာပင် အာဆီယံ ယူ၁၆ ဖူဆယ် ချန်ပီယံရှစ်ပွဲစဉ်များအား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယူ၁၉ ပွဲစဉ်များကျင်းပသည့် ရက်များတွင် ယူ၁၆ ပွဲများကိုလည်း အချိန်ခွဲ၍ ကျင်းပမည် ဖြစ်သည်။ မြန်မာ ယူ၁၆ အသင်းအနေဖြင့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းတို့နှင့် အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

news-view-count-icon

17