ရခိုင် ရေပိုင်နက်အတွင်းမှာ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၉ ယောက်ကို နယ်စပ်ကမ်းရိုးတန်းလုံခြုံရေး စစ်ကြောင်းက ထပ်မံ ဖမ်းဆီးရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ာင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းစပ်၊ အာရက္ခရေပိုင်နက်အတွင်းမှာ ဒီနေ့ ဒီဇင်ဘာလ ၁၈ ရက် မနက် ၇ နာရီ ၂၀ မိနစ်အချိန်လောက်က ဘင်္ဂလားဒေ့ချ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ငါးဖမ်းသမား ၅ ယောက်ပါ ဘုတ်တစ်စီးနဲ့ မနက် ၇ နာရီ မိနစ် ၄၀ အချိန်လောက်က ငါးဖမ်းသမား ၄ ယောက်ပါ ဘုတ်တစ်စီးကို ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ငါးခိုးဖမ်းသမား ၉ ယောက်ကို တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ထိန်းသိမ်း စစ်ဆေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။



