တရုတ်နိုင်ငံရှိ ၂၇ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာဥယျာဉ်ကြီးကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် တရားဝင် ဖွင့်လှစ်ကာ ဧည့်သည်များ လက်ခံကြိုဆိုခဲ့သည်။ ဥယျာဉ်ဧရိယာမှာ စတုရန်းမီတာ ၁.၂ သန်းအထိ ကျယ်ဝန်းပြီး ရေခဲနှင့် ဆီးနှင်း စုစုပေါင်း ၄၀၀,၀၀၀ ကုဗမီတာကျော်ကို အသုံးပြုကာ နှစ်အဆက်ဆက်တွင် အကြီးမားဆုံးသော ပမာဏဖြင့် ရေခဲ-ဆီးနှင်း "ဒဏ္ဍာရီကမ္ဘာ" ကို ဖန်တီးထားသည်။



