back

ပြင်ဦးလွင်မြို့နယ်မြို့သောက်သုံးရေတိုးချဲ့ပေးဝေနိုင်မည် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံ စီမံကိန်း ဆောင်ရွက်နေ

Dec 19 • 3:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြင်ဦးလွင်မြို့နယ်မြို့သောက်သုံးရေတိုးချဲ့ပေးဝေနိုင်မည် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံ စီမံကိန်း ဆောင်ရွက်နေ

ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း(၂)ရေလှောင်တမံ နှင့် ပင်တီးကျေးရွာ အနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိ...

ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း(၂)ရေလှောင်တမံ နှင့် ပင်တီးကျေးရွာ အနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်ရန် လျာထားနေရာများကို လုပ်ဆောင်နေကြောင်း သိရသည်။

ဆင်လမ်း(၂)ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံ စီမံကိန်းဆောင်ရွက်ပြီးပါက မြို့သောက်သုံးရေတိုးချဲ့ပေးဝေနိုင်မည်အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေ ဧရိယာများအတွက် စိုက်ပျိုးရေး ကူဖြည့်တင်းပေးဝေနိုင်မည်ဖြစ်ခြင်းကြောင့် ‌ဒေသဝမ်းစာဖူလုံရေးအတွက်များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် ယခုသိုလှောင်ပမာဏ ၇,၂၁၇ ဧကပေရှိသဖြင့် သိုလှောင်ပမဏ ထက် ၃၇၁ ဧကပေ ပိုမိုသိုလှောင်ထားသောကြောင့် ရေပိုမိုတိုးချဲ့ပေးဝေနိုင်ရန်လည်း အသင့်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

18