အသီးအရွက် အဓိကစားသုံးသည့် ကလေးများဟာ အသားကို အဓိကစားသုံးသည့် ကလေးများနှင့် နှိုင်းယှဉ်ပါက အရပ်အမောင်း ပိုနိမ့်နေတတ်ကြောင်း အမေရိကန်၊ အီတလီနှင့် ဩစတြေးလျသုတေသနပညာရှင်များက ပြောကြားထားပါတယ်။သုတေသန ပညာရှင်များဟာ ကလေး ၄၀,၀၀၀ ကျော် တို့၏ အစားအစာ စားသောက်ပုံနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအခြေအနေ တို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ရလဒ်များအရ အသီးအရွက် အဓိကစားသုံးသည့် ကလေးများသည် အသားအဓိကစားသုံးသည့် ကလေးများနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် ၄ စင်တီမီတာ ပို၍ အရပ်နိမ့်နေသည်ကို တွေ့ရကြောင်း သိရပါတယ်။ထို့ပြင် အသီးအရွက် အဓိက စာသုံးသည့် ကလေးများဟာ အသားအဓိက စားသည့် ကလေးများနှင့်နှိုင်းယှဉ်ပါက ကိုယ်ခန္ဓာဒြပ်ထုအညွှန်းကိန်း (BMI) လည်း ပို၍နည်းပါးကြောင်း၊ BMI အညွှန်းကိန်း ပုံမှန်ထက်နည်းပါးပါက ကလေးများအနေဖြင့် ကိုယ်အလေးချိန် ပုံမှန်ထက်နည်းပါးမှု ပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း သုတေသနပညာရှင်များက အသိပေးထားကြောင်းလည်း သိရပါတယ်။အပင်အခြေခံ ဓာတ်စာများတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် ကယ်လ်စီယမ်၊ သံဓာတ်၊ ဗိုက်တာမင် B-12 နှင့် အိုင်အိုဒင်းကဲ့သို့ အာဟာရဓာတ်များ ပါဝင်မှုနည်းပါးကြောင်းလည်း သိရပါတယ်။



