back

ဘန်ကောက် စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင် ရွှေ့ပြောင်းလုပ်သားများ နစ်နာကြေး အပြည့်အဝမရရှိ

Dec 19 • 2:44 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက် စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင် ရွှေ့ပြောင်းလုပ်သားများ နစ်နာကြေး အပြည့်အဝမရရှိ

ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြောင့်ပြိုကျခဲ့သည့် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ(SAO)၌ သေဆုံးခဲ့သည့် မြန်...

ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြောင့်ပြိုကျခဲ့သည့် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ(SAO)၌ သေဆုံးခဲ့သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ နစ်နာကြေး အပြည့်အဝမရရှိသေးကြောင်း ရတ်ထိုင်းဖောင်ဒေးရှင်းမှ ဝရချိုင်စနန်စုကပြောကြားသည်။ ၄င်းက ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)တွင် ဘန်ကောက်မြို့၊နိုင်ငံတကာသတင်းထောက်များအသင်း (FCCT) ၌ ကျင်းပခဲ့သည့် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲတွင်ပြောခြင်းဖြစ်သည်။သေဆုံးသူများအနက် ၉၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ရုပ်အလောင်းများကို ဆွေမျိုးများထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့တွင် ထိုင်းနိုင်ငံသား ၆၄ ဦး၊ မြန်မာနိုင်ငံသား ၂၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း သူကဆိုသည်။

news-view-count-icon

14