back

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ Rice Ambassador ခန့်အပ်မည် ဆန်အကြောင်း သိ‌ကောင်းစရာပြိုင်ပွဲ ပြုလုပ်မည်

Dec 19 • 2:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ Rice Ambassador ခန့်အပ်မည် ဆန်အကြောင်း သိ‌ကောင်းစရာပြိုင်ပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF နှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနများက ပံပိုးကူညီပြီး ညီနောင်အသင်းအဖွဲ့များ၊ကုန်စည်ဒိုင်များ အသင်းဝင် ဆန်အ‌ရောင်းဆိုင...

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF နှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနများက ပံပိုးကူညီပြီး ညီနောင်အသင်းအဖွဲ့များ၊ကုန်စည်ဒိုင်များ အသင်းဝင် ဆန်အ‌ရောင်းဆိုင်လုပ်ငန်းများ ပူးပေါင်းပြီး ဆန်အကြောင်း သိကောင်းစရာပြပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့၌ ရန်ကုန် Melia ဟိုတယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြပွဲတွင် ဆန်အမျိုးစားများ၊ဆန်အရည်သွေးအမျိုးမျိုးနှင့် အဆင့်အတန်းများ ကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးချက်ပြုတ်နည်းများနှင့် အာဟာရတန်ဖိုးများ အိမ်ရှင်မများကို ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေနိုင်မည် သံတမန်(Rice Ambassador ) များအဖြစ် တာဝန်ပေးအပ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ရွေးချယ်ထားသည့် မြို့နယ်များမှ စိစစ်ရွေးချယ်ထားသည့် အိမ်ရှင်မများ လူငယ်လူလတ်များကို ဆန်အကြောင်း သိကောင်းစရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး MRF ၏ ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေးမည် သံတမန်များအဖြစ် တာဝန်ပေး ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သံတမန်များက ၄င်းတို့နေထိုင်သည့် အနီးအနာပတ်ဝန်းကျင် အသိုက်အဝန်း တွင် မှန်ကန်သည့် ဆန်အကြောင်း သိကောင်းစရာများကို ဆက်လက်လက်ဆင့်ကမ်းမျှဝေနိုင်ရန် ရည်ရွယ်ထားကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရသည်။

news-view-count-icon

20