ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်း မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ် ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများအား ပျော်ရွှင်စွာကစားခဲ့ကြသည်။ ယင်းအခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
Dec 19 • 2:43 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


