ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်းများထံ သွားရောက်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးတို့ကို ထိုင်းတော်ဝင်ရေတပ်က ပူးပေါင်းစစ်ဆင်ရေးဖြင့် ဒီဇင်ဘာလ ၁၈ ရက်ညက ဖမ်းဆီးရမိခဲ့သည်။ ချမ်သာဘူရီ-တရတ် နယ်စပ်ကာကွယ်ရေးဌာနချုပ်အောက်ရှိ ရေတပ်အရာရှိများက လုံခြုံရေးများ ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရေးအဖွဲ့၏ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများသည် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်တစ်လျှောက်တွင် အခြေစိုက်ထားသည့် "ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များ" သို့မဟုတ် လိမ်လည်လှည့်ဖြားသည့် ဂိုဏ်းများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။


