၂၀၂၅ ခုနှစ် EF English Proficiency Index အရ ထိုင်း နိုင်ငံရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ အာရှမှာ ဒုတိယအနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေပါတယ်။ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ အဆင့် ၁၁၆ နေရာ ရောက်နေပြီး "Very Low Proficiency" ဆိုတဲ့ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်ထဲမှာ ရှိနေပါတယ်။ ရမှတ် ၄၀၂ မှတ်ပဲ ရရှိခဲ့တဲ့အတွက် မနှစ်ကထက် ၁၃ မှတ် ကျဆင်းသွားတာ တွေ့ရပါတယ်။ မြို့အလိုက် ကြည့်မယ်ဆိုရင် Pattaya က ၄၇၄ မှတ်နဲ့ အမြင့်ဆုံးဖြစ်ပြီး ဘန်ကောက်က ၄၆၇ မှတ်နဲ့ ဒုတိယ လိုက်နေပါတယ်။ကမ္ဘာ့အဆင့်မှာ Netherlands၊ Croatia နဲ့ Austria နိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေပြီး မလေးရှားက အဆင့် ၂၄ နဲ့ အာရှမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထိုင်း နိုင်ငံရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု နိမ့်ကျနေတာဟာ နိုင်ငံရဲ့ ပညာရေးစနစ်အပေါ် စိုးရိမ်မှုတွေကို ပိုတိုးလာစေပြီး ဒီနှစ်အစောပိုင်းကလည်း ကမ္ဘာ့အဆင့် ပညာရေး သုံးသပ်ချက်မှာလည်း နိုင်ငံပေါင်း ၂၀၃ နိုင်ငံအနက် အဆင့် ၁၀၇ နေရာမှာသာ ရှိနေပါတယ်။
Dec 19 • 2:41 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


