back

ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ကြမ်းသမားရှားလာလို့ လုပ်သားမျှသုံးနေရ

Dec 19 • 2:18 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ကြမ်းသမားရှားလာလို့ လုပ်သားမျှသုံးနေရ

ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း အလုပ်ကြမ်းလုပ်သားရှားပါးလာမှုကြောင့် ကန်ထရိုက်အချင်းချင်းကြားတွင် လုပ်သားမျှသုံးရသောအခြေအနေမျိုးဖြစ်နေကြောင်း ကန်ထရိုက်မျာ...

ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း အလုပ်ကြမ်းလုပ်သားရှားပါးလာမှုကြောင့် ကန်ထရိုက်အချင်းချင်းကြားတွင် လုပ်သားမျှသုံးရသောအခြေအနေမျိုးဖြစ်နေကြောင်း ကန်ထရိုက်များကြားမှ သိရသည်။ရန်ကုန်မြို့အတွင်း ဆင်ခြေဖုံးရပ်ကွက်များတွင် ကန်ထရိုက်တိုက်များဆောက်လုပ်လာမှုနှင့်အတူ ကာလတိုအတွင်း အလျင်အမြန်တည်ဆောက်ပြီးစီးရန် လုပ်ဆောင်လာခြင်းကြောင့် ကန်ထရိုက်အချို့မှာ လုပ်သားအင်အားအများအပြားကို အသုံးချလုပ်ဆောင်ရခြင်းများလည်းရှိသည်။ထိုအလုပ်ကြမ်းလုပ်သားများကို ယခင်က တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ ကြား ရရှိလေ့ရှိပြီး ပန်းရံတတ်ကျွမ်းသူ ဖြစ်ပါက ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားရရှိကြောင်း၊ ယခုအခါ တစ်ရက် ကျပ် ၁၅,၀၀၀ မှ ၁၈,၀၀၀ ကြား ပေးကာခေါ်ယူနေပြီး ပန်းရံတတ်ကျွမ်းသူမှာ ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ ကြားဖြင့် ခေါ်ယူနေကြောင်းလည်း အဆိုပါအလုပ်ကြမ်းလုပ်သားများထံမှ သိရသည်။

news-view-count-icon

15