back

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dec 19 • 2:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်...

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး အခြားနေရာတွင် သတ်ခံရပြီးနောက် လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချ၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားက ဝရမ်းအရ မှန်ကန်ကြောင်း ဆိုပြီး လူသတ်မှုနှင့် မသက်ဆိုင်ကြောင်း ထွက်ဆိုထားကာ အမှုအားလုံးကို ငြင်းဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။လက်ရှိတွင် ဖမ်းဆီးရမိသူတစ်ဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုဖြင့် အမှုဖွင့်ထားပြီး နောက်ထပ် နှစ်ဦးကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

news-view-count-icon

14