ကမ္ဘာ့အကောင်းဆုံးစွပ်ပြုတ် ၂၀ စာရင်းတွင် မြန်မာနိုင်ငံမှ မုန့်ဟင်းခါး ပါဝင်ဟု CNN Travel၌ ဖော်ပြထားပါသည်။အဆိုပါ ကမ္ဘာ့အကောင်းဆုံး စွပ်ပြုတ် ၂၀ စာရင်းတွင် မြန်မာနိုင်ငံမှ မုန့်ဟင်းခါးနှင့်အတူ ပါဝင်သည့် အစားအစာများမှာ နိုက်ဂျီးရီးယား၊ ယူကရိန်း၊ ပြင်သစ်၊ ဗီယက်နမ်၊ တရုတ်၊ မက္ကဆီကို၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဂျပန်၊ တူရကီ အစရှိသည့် နိုင်ငံများမှ စွပ်ပြုတ်အမျိုးအစားဟု သတ်မှတ်ထားသည့် အစားအစာများ ပါဝင်နေသည်ကို တွေ့ရသည်။မုန့်ဟင်းခါးကို မြန်မာနိုင်ငံသားအများစု နံနက်စာအဖြစ် စားသုံးကြပြီး လမ်းဘေးဈေးသည်မှစတင်ကာ လဘက်ရည်ဆိုင်များအထိ ရရှိသည်ဟု ဖော်ပြထားသည်။ထို့ပြင် မုန့်ဟင်းခါးကို နံနက်စာအဖြစ်သာမက အချိန်မရွေး သွားရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒေသတစ်ခုချင်းစီမှာပင် ကိုယ်ပိုင်ဖန်တီးမှုများရှိပြီး မြန်မာ့ရိုးရာအစားအစာတွင် ဂန္ထဝင်ဟင်းရည်တစ်မျိုးဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
Dec 19 • 2:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


