မြန်မာနိုင်ငံတွင် ပဋိပက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် အခြားကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ ကုန်ကျသော်လည်း လတ်တလော နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုသူ များလာသည်နှင့်အမျှ တစ်ပတ် အတွင်းရလိုလျှင် ပွဲစားများအား ဝန်ဆောင်ခအဖြစ် ပတ်စပို့တစ်အုပ်လျှင် ကျပ် ၅ သိန်းအထိ ပေးရကြောင်း ပတ်စ်ပို့သွားလုပ်နေသူများထံမှ သိရသည်။သို့သော် တစ်ရက်လျှင် လူဦးရေ ၁၇၀ အထိသာ ပြုလုပ်ပေးသဖြင့် နယ်ဝေးမှလာပြီး ကိုယ်တိုင်သွားလုပ်ရသည့် ဒေသခံအချို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း ပတ်စပို့သွားလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။



