back

ဟာသသရုပ်ဆောင် ညောင်ညောင်၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်တွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်

Dec 19 • 2:04 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဟာသသရုပ်ဆောင် ညောင်ညောင်၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်တွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်

နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးညီညီလှိုင် (ခ) ညောင်ညောင်သည် အသည်းခြောက်ရောဂါနှင့် ပန်ကရိယကင်ဆာဝေဒနာတို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၊ OSC ဆေးရုံ၌ ကွယ်လွန်...

နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးညီညီလှိုင် (ခ) ညောင်ညောင်သည် အသည်းခြောက်ရောဂါနှင့် ပန်ကရိယကင်ဆာဝေဒနာတို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၊ OSC ဆေးရုံ၌ ကွယ်လွန်သွားခဲ့ရာ ၎င်း၏ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၂) နှစ်ရှိပြီဖြစ်သည့် ဦးညောင်ညောင်၏ ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများနှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုတို့က ရေဝေးသုဿာန် အအေးခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ မြန်မာ့အနုပညာလောကတွင် ပရိသတ်များအား ရယ်မောပျော်ရွှင်အောင် ဖျော်ဖြေပေးခဲ့သည့် ထင်ရှားသော ဟာသပညာရှင်တစ်ဦး ဆုံးရှုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

18