back

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

Dec 19 • 2:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးဝင်းအတွင်း (၄) ထပ် သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်ရန်အတွက် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးဝင်းအတွင်း (၄) ထပ် သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်ရန်အတွက် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြေသန့်မင်္ဂလာနှင့် ပန္နက်တင်အခမ်းအနားကို စည်ကားစွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ စစ်သံမှူးနှင့် Chopra Constructions ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ဒေလီတက္ကသိုလ်မှ ဆရာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။ ဤစီမံကိန်းသည် အိန္ဒိယနိုင်ငံရောက် မြန်မာသံရုံးဝန်ထမ်းများ၏ နေထိုင်ရေးနှင့် သံတမန်ရေးရာ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်သည်။

news-view-count-icon

15