ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Bondi Beach ၌ ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် ဂျူးမီးထွန်းပွဲတော်တွင် သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၅ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် မြန်မာသံရုံး ယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ဒီဇင်ဘာ ၁၆ ရက်တွင် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ သွားရောက်လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်ကို ဩစတြေးလျ ဘုရင်ခံချုပ် Ms. Sam Mostyn AC. က ကင်ဘာရာမြို့ရှိ အစိုးရအိမ်တော်၌ ဖွင့်လှစ်ထားရှိခြင်းဖြစ်ပြီး မြန်မာသံရုံးအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် မိသားစုဝင်များအတွက် ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩစတြေးလျ Bondi Beach ပစ်ခတ်မှုတွင် သေဆုံးသူများအတွက် မြန်မာသံရုံး ယာယီတာဝန်ခံ ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး
Dec 19 • 2:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


