ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်၍ ကမ္ဗည်းကျောက်စာတိုင်အား ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ်က နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များ၏ ကဏ္ဍသည် အဓိကဖြစ်သဖြင့် တက္ကသိုလ်များမှ မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အတတ်ပညာများ လေ့ကျင့်ပေးရန်နှင့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းကာ ဈေးကွက်သစ်များ ဖော်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ အခမ်းအနား၌ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများအပြင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများနှင့် ပြခန်းပေါင်းစုံကို ထည့်သွင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 19 • 1:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


