back

မုံရွာမြို့ ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီး

Dec 19 • 2:00 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာမြို့ ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်ကြီးကို ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်လျက်ရှိရာ လက်ရှိတွင် လုပ်င...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်ကြီးကို ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းပမာဏ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ စေတီတော်၏ ထီးတော်ကြီး၊ ကြာလှန်၊ ကြာမှောက်နှင့် ဖောင်းလုံးများအား ရွှေချခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီးနောက် လက်ရှိတွင် ငှက်မြတ်နားနှင့် ငှက်ပျောဖူးတော်ရှိ လှူဒါန်းထားသော ရွှေထည်ပစ္စည်းများကို ပြုပြင်မွမ်းမံ ပူဇော်လျက်ရှိသည်။ မူလက ဒီဇင်ဘာလအတွင်း အပြီးဆောင်ရွက်ရန် ခန့်မှန်းခဲ့သော်လည်း လုပ်ငန်းလိုအပ်ချက်များကြောင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှု လုပ်ငန်းစဉ်အားလုံး အောင်မြင်စွာ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

12