back

တောင်ကြီး Passport ရုံးတွင် အလှည့်ကျ တန်းစီ စနစ်ကြောင့် အဝေးမှ လာသူများနှင့် သက်ကြီးရွယ်အိုများအတွက် အဆင်မပြေမှုများရှိ

Dec 18 • 3:00 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး Passport ရုံးတွင် အလှည့်ကျ တန်းစီ စနစ်ကြောင့် အဝေးမှ လာသူများနှင့် သက်ကြီးရွယ်အိုများအတွက် အဆင်မပြေမှုများရှိ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး Passport ရုံးတွင် အလှည့်ကျ တန်းစီရပြီး အဝေးက လာသူများနှင့် သက်ကြီးရွယ်အိုအတွက် အဆင်မပြေမှုများစွာ ကြုံရကြောင်း ဒီဇင်ဘာ(၁၈)ရက်...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး Passport ရုံးတွင် အလှည့်ကျ တန်းစီရပြီး အဝေးက လာသူများနှင့် သက်ကြီးရွယ်အိုအတွက် အဆင်မပြေမှုများစွာ ကြုံရကြောင်း ဒီဇင်ဘာ(၁၈)ရက်မှာ သိရသည်။အွန်လိုင်းမှတစ်ဆင့် (QR)တိုကင်ကျပြီး လက်ဗွေ မျက်လုံးစကန်တွက် ရုံးဝင်သည့် နေရာတွင် ည(၁၁)နာရီအချိန်ကပင် တန်းစီနေသော်လည်း လူများသောကြောင့် အဆင်မပြေမှု အခက်ခဲများစွာ ရှိကြောင်း ပတ်စပို့သွားလုပ်သူထံမှ သိရသည်။Passport ပြုလုပ်ရာတွင် အွန်လိုင်းတိုကင် qrကျရန် (၄)သောင်းခွဲပေးရပြီး ရုံးသို့ ဖောင် ဖြည့်ရန် ကိုယ်တိုင်သွားသည့်အခါ တန်းစီစနစ်ကြောင့် အခက်ခဲများရှိကြောင်း သိရသည်။Passport ပြုလုပ်ရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ စမတ်ကတ်လိုအပ်ပြီး qrကျပြီး ရက်ချိန်းသွားသည့်အခါ (၅)ရက်မှ(၆)ရက်ထိ တန်းစီရသောကြောင့် အဝေးကလာသူများအတွက် တည်းခိုခန်းခ၊ စားသောက်ဖို့ ငွေ(၁၀)ချီကုန်နေကြောင်း သိရသည်။





news-view-count-icon

13