မန္တလေးတောင်ပေါ်သို့ တိမ်ပင်လယ်ကြည့်ရှုရန်အတွက်ယခုရက်ပိုင်းအတွင်း လာရောက်လည်ပတ်သူ ပိုမိုများပြားလာကြောင်းဒေသခံများကပြောပါတယ်။နံနက်ခင်းအစောပိုင်း မန္တလေးတောင်ပေါ်သို့ ခြေလျင်ခရီးတက်ရောက်ကာတောင်ပေါ် အရှေ့ပိုင်းရှိ မြူခိုးများထွက်ရှိနေမှုကိုကြည့်ရှုကြခြင်းဖြစ်ပါတယ်။မန္တလေးတောင်တက်မော်တော်ကားလမ်းမှာ နံနက် ၆ နာရီမှစတင်ဖြတ်သန်းခွင့်ပေးထားမှုကြောင့် နံနက် ၄ နာရီဝန်းကျင်ကတည်းက တောင်ခြေရှိယာဥ်ရပ်နားစခန်းများတွင်ယာဥ်များအပ်နှံကာ ခြေလျင်ခရီးဖြင့်တောင် ပေါ် သို့ တက်ရောက်ကြရခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။လက်ရှိအချိန်တွင် မန္တလေးတောင် တိမ်ပင်လယ်ကို ရဟန်းရှင်လူထောင်နှင့်ချီကာနေ့စဥ်လာရောက် ကြည့်ရှုလေ့ရှိကြောင်းဒေသခံများကဆိုသည်။



